Sunday, April 26, 2009
မြေခွေး ၏ စပျစ်သီးချဉ်
အို မိန်းကလေး
ကံကြမ္မာကို
သင်သာပိုင်စိုး
ဘုန်းမိုးထန်စွ
မိန်းမလှ့ 
ဘာမှမဟုတ်
ခြေရှုပ် ကောက်ကျစ်
အနှစ်ဗလာ သစ္စာမဲ့သေး
မြေခွေးတေလေ ဝံပုလွေမျိုး
သစ်သီးပိုးလောက်
တီးတိုးနှောက်ယှက်
သင့်ဂုဏ်ဖျက်လည်း
သင်ဟာ စင်ပေါ်က ပါလေ။
12 comments:
  1. ကဗျာကောင်းလေး ပဲဗျ...။
    အားပေးသွားပါတယ်..။
    ReplyDelete
  2. ကံ၏စေလေ သူ့ထံနေ
    မိန်းမလှရဲ့ဘုန်း သူ့တစ်ကိုယ်လုံး
    အနှစ်မပါလို့ အပြစ်သာဖြစ်ပြီး
    ဂုဏ်အဆင်းတစ်ခု ဖျက်ပေမယ့်လည်း
    စင်ပေါ်မှလေတဲ့ ..။
    နက်နဲနေတယ် .. တိုပြီး မိရှတဲ့ ကဗျာလေးပါ ..။
    ReplyDelete
  3. ဒီတစ်ပုဒ်လည်းထိသွားပြန်ပြီ.. ကျွမ်းတယ်ဟေ့.. ကဗျာရေးတာ. :)
    ReplyDelete
  4. တိုတိုလေးနဲ့ စပ်တယ်ဆိုတာ ဒီလိုကဗျာလေးပဲ ဖြစ်မယ်
    ReplyDelete
  5. ကဗျာကောင်းလေးကို
    ထပ်ကာထပ်ကာဖတ်သွားပါတယ်......
    ReplyDelete
  6. ကဗျာကို ဖတ်နေတာကြာပြီ
    -အို မိန်းကလေး
    ကံကြမ္မာကို
    သင်သာပိုင်စိုး
    ဘုန်းမိုးထန်စွ
    မိန်းမလှ့ -
    အားပေးသွားပါတယ် မကဗျာဦးး)
    ReplyDelete
  7. ကံကြမ္မာကို သင်သာပိုင်စိုး...တဲ့
    မှန်တယ်က္ဂယ်...ဆက်ရေးပါ။ဆက်ဖတ်နေမယ်နော်
    ပျော်ပါစေခင်ဗျာ
    ReplyDelete
  8. သူက..
    ကိုယ့်ဝန်ကိုယ်ထမ်းရင်း
    ကိုယ့်လမ်းကိုယ်လျှောက်
    မကြောက်တတ်ပေမဲ့
    မကောက်ကျစ်ဘူး။
    အပြစ်များကိုလည်းတရားနဲ့ဖြေတယ်
    မြေခွေးမြူးတာကို
    နွေဦးကလေရူးပွေသလောက်ပဲ
    ဂရုစိုက်
    ပြိုင်မမိုက်နေတော့ဘူး။
    အကျည်းတန်လောကမှာပန်းတစ်ပွေ့
    မီးလျှံတောကစမ်းတစ်ကွေ့လို
    လောကဓံကြမ်းကြမ်းမှာ
    သည်းခံရင်းရင့်ကျက်
    သြော်မြင့်မြတ်တော့မတဲ့လေ...။
    ReplyDelete
  9. စင်ပေါ်က စပြစ်သီးလေး တင့်တယ်စွာလှနေတာ ခံစားသွားပါတယ်။
    ReplyDelete
  10. ကဗျာလေးက တိုပေမဲ့ ထိထိမိမိ ရှိတယ်....
    ကဗျာကောင်းများစွာ ထပ်ရေးနိင်မယ်လို့ယုံကြည်ပါတယ်...။
    ReplyDelete
  11. ကဗျာလေးကလည်းကောင်းလိုက်တာဗျာ
    အလည်လာသွားတယ်ဗျို့ .. နေကောင်းလား
    မတွေ့တာတောင်အတော်ကြာပြီနော် :)
    ReplyDelete
  12. တစ်မျိုးလေးပဲ ....
    ReplyDelete