Sunday, April 12, 2009

ဘဝ

ဘဝဆိုတာ
မရေရာမို့
သွားလာပြောင်းရွှေ့
ခဏတွေ့ပြီး
လွမ်းဆွေးကြေကွဲ
မျက်ရည်ပွဲများ
ဆင်နွှဲသည်မှာ
ဓမ္မတာတည်း။ ။

8 comments:

  1. လောကဓမ္မတာ လူဆိုတာ ဖြစ်လာမှဖြင့်
    ဒီသံသရာဝဲဂယက်မှာ လွှဲမထွက်သာပါ....

    ReplyDelete
  2. သည်ဘက်ခေတ်ထဲမှာ ရှားရှားပါးပါး လေး၊သုံး၊နှစ် ကာရန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးထားတဲ့ ကဗျာကောင်းလေးတွေပါ။ ”ဘဝ“ကဗျာမှာ (သွားလာပြောင်းရွှေ့ ၊ ခဏတွေ့ပြီး) နဲ့ (လွမ်းဆွေးကြေကွဲ
    မျက်ရည်ပွဲများ) ဆိုပြီး ကာရန်ပျောက်သွားတယ်လို့ ခံစားမိပါတယ်။် အဲ ကျနော်ကိုယ်တိုင်ကတော့ ဘာမျှမသိပါ… ကဗျာဦးဟာ သည့်ထက်ပိုကောင်းအောင် ဖန်တီးနိုင်သေးတယ်ဆိုတာကို ယုံကြည်လို့ (သွားလာပြောင်းရွှေ့ ၊ ခဏတွေ့ပြီး…. တစ်ပိုဒ်ခွဲထားမှန်းသိလျက်) လမ်းပေါ်ကလူတစ်ယောက်အနေနဲ့ ပြောတာသက်သက်ပါ။

    ReplyDelete
  3. နောက်ဆုံးရလာဒ်ပဲလေနော့

    ReplyDelete
  4. ကောင်းတယ်အစ်မရေ
    အားပေးလျက်ပါ။
    ကျွန်တော်ကဗျာထဲမှာ သံပေါက်လေးတွေကို
    အရမ်းကြိုက်တာ။
    အရင်ကဆိုအချိန်ရရင်ကဗျာပဲထိုင်စပ်နေတာ။
    ခုတော့ကဗျာစပ်တဲ့ကျွန်တော့်လက်တောင်
    သံချေးတွေတက်နေတာကြာပါပြီ။

    ReplyDelete
  5. ကဗျာကောင်းလေးကို
    ခံစားသွားပါတယ်..

    ReplyDelete
  6. အဓိပ္ပါယ်လေးလည်းကောင်း စာလေးလည်းကောင်းတယ်နော်
    အဲလိုကဗျာတွေ မစပ်တတ်ဘူး ..း(
    အားပေးနေပါတယ်နော် ..း)

    ReplyDelete
  7. ဘ၀တစ်ကွေ
    ခဏတွေ့ တယ်ဆိုပေမယ့်... သံယောဇဉ်အမှန်ရှိမိသူတိုင်း ဖြစ်တတ်တဲ့ သဘောပါ...။

    ကဗျာကောင်းလေးအားပေးသွားပါတယ်

    ReplyDelete
  8. မရောက်ဖြစ်တာ ကြာပြီ ကဗျာဦးရေ ... အရင်က ဆိုဒ်က မထင်မှတ်ပဲ ပျက်သွားပြီး လင့်လဲ တော်တော်များများပျောက်ကုန်လို့ မရောက်ဖြစ်တာပါ .. အခုပြန်ရောက်လာပါပြီ ... လင့်လည်း ချိတ်ထားလိုက်ပါပြီ .. ဒီကဗျာလေးကို အရမ်း သဘောကျတယ် ...စာအရေးကျဲတယ်နော် ...အားတယ် စိတ်ရှိတယ်ဆိုတဲ့ အချိန်လေးတွေကျရင်တော့ နောက်ထပ် ကဗျာကောင်းလေးတွေ အသက်သွင်းပေးပါဦး ... စောင့်မျှော်နေပါတယ် ..
    နေဒေးသစ်

    ReplyDelete