Monday, March 1, 2010

အမုန်း

သက္ကရာဇ်တွေကို လှီးဖြတ်ပြီး
အများနည်းတူ လက်ခံသတ်မှတ်နေရတဲ့
နာရီလက်တံ တွေ ကို မုန်းတယ့့် 

တရားသူတွေက ထောင်ကျ
မတရားသူတွေက စံ နေရ တဲ့
လောကကြီးကိုမုန်းတယ့့် 

ကိုယ်ရည်သွေးတီးလုံးတွေနဲ့
အုပ်စုဖွဲ့ကျီးကန်းတွေကိုမုန်းတယ့့် 

နှစ်ပေါင်းတစ်ရာကျော် အကျဉ်းထပ်ချမဲ့
၂ဝ၁၀ ကို မုန်းတယ့့်  မုန်းတယ့့် 

Sunday, January 3, 2010

မောင်ရေခဲ နှင့် မရွှေဖဲ

ဟိုဘက်ကမ်းက မီးထိန်ထိန်
ထိုင်းလင်းတို့အိမ်
ဒီဘက်ကမ်းက မီးထိန်ထိန်
ပေါက်ဖော်တို့အိမ်။

အမှောင်ထဲမှာ ကျင့်သားရ
မောင်ရေခဲ က ပထမ။

ဘယ်သွားနေလဲမောင်ရေခဲ
ပြည်ပ ထွက်ပြီးအလုပ်ရှာဆဲ
ဘာလုပ်ဖို့လဲမောင်ရေခဲ
ကျွန်ခံဖို့ပဲဆိုပါစို့။

ဘယ်သွားနေလဲ မရွှေဖဲ
ပြည်ပ ထွက်ပြီးအလုပ်ရှာဆဲ
ဘာလုပ်ဖို့လဲမရွှေဖဲ
အိမ်ဖေါ်လုပ်ဖို့ဆိုပါစို့။

Sunday, October 18, 2009

တိုက်ပွဲသည်သာ

စစ်ကျွန်စစ်သက်
ဆက်လက်ရှင်သန်
ရည်သန်ခဲ့ကြ
ရိုင်းပြလွန်းသူ
အုပ်စိုးသူကား
မတရားခြင်း
ကောက်ကျစ်ခြင်းဖြင့်
စစ်တလင်းပြင်
ပြင်ဆင်ထားမြဲ
ရွေးကောက်ပွဲကို ကျင်းပမည်။

အဖိနှိပ်ခံ
လူထုမှန်သမျှ
ဆန့်ကျင်ကြလော့
ဘဝစစ်ကျွန်
လွန်မြောက်ရေးတွက်
ဒို့ လက်များစွာ
ဖွင့်ပါခေတ်သစ်
စစ်အာဏာရှင်
မောင်းနှင်ထုတ်ရေး
လွတ်လပ်ရေးတွက်
လက်နက်ကောင်းမှာ
တိုက်ပွဲပါပဲ
တိုက်ပွဲမရှိ့ 
မရှိအောင်ပွဲ့ 
စွဲမြဲဆုပ်ကိုင်
တိုက်ကြလော့။ ။
ကဗျာဦး

Sunday, June 21, 2009

မဗေဒါ

၈၈၈၈ မှာ ကျောင်းသားတပ်မတော်ထဲ
ကိုကြီးက တောခို
မေမေက ငို
ကိုကြီးတိုက်ပွဲကျ
မေမေလည်းရင်ကွဲနာကျ

လောကအလယ်
မျက်နှာငယ်ရ
ကဗျာတို့မောင်နှမ
ပတ်ဝန်းကျင်က ပြောကြ ဆိုကြ
မိမဆုံးမ ဖမဆုံးမ
ဘဝနာရ ကြေကွဲရ
ကဗျာမျက်ရည်ကျ
စိတ်လည်းတိုရ။

Thursday, June 11, 2009

ကျိန်စာ

တက်ကြွနေလိုက်တာ
စိန်နားကပ် တဖြတ်ဖြတ်
လေပင့်တိုင်း လှုပ်ခတ်
သန်း၅၀ ကျော်က ကျိန်ဆဲကြ

မာနတက်နေပုံများ
ဘာကိုမှ ထီမထင်
ဘုရင်တပါးအသွင်

ပြည်သူတွေက အပူတွေ အန်ချ
ဒေါသမီးတွေ ထောင်းထောင်းထ

Saturday, June 6, 2009

သူမ

သူမဟာ
ရန်အကြားမှာ
လှံကစားနေရသလို့ 

မြွေဆိုး ကျားဆိုး
သွေးတိုးစမ်း ခံရတယ့့် 

ဒါပေမယ့်
သူမ ဟာ
ထာဝရ လှ နေမြဲပါ။ ။

Thursday, May 28, 2009

ဖို နဲ့ မ

စိတ်ကူးသစ်တွေ
မိုးရေထဲမှာ နှင်းထဲမှာ
နွေနေပူမှာ အခါခါနှစ်
မချစ်တတ်ပဲ မုန်းလည်းမရ
ကိုယ့်ဒုက္ခ့ 

ဖိုနဲ့မသာ သည်လောကမှာ
ရှိတာ မဆန်းကြယ်ပါဘူး
ထူးပြီးစဉ်းစားနေရင်
ရူးခြင်းသာအဖတ်တင်မည်။ ။