Wednesday, April 22, 2009
သူငယ်ချင်း သို့
သူငယ်ချင်းရေ
ဘယ်နှစ် ဘယ်လ ဘယ်ရက်ကျလျှင်
တို့ပြေ
တို့မြေ
တို့တိုင်းဌာနေ
ပဒေသာပင် ပေါက်ကိန်းမြင်သည်
အသင်ညောင်ညိုစိုက်ပါကွဲ့
သူငယ်ချင်းရေ
ဘယ်နှစ် ဘယ်လ ဘယ်ရက်ကျလျှင်
တို့ပြေအတွင်း လေယာဉ်ဆင်းတော့
ပေါင်းသင်းဆွေသဟာ
ဆီးကြိုလာကြ
ဖက်ကြ နမ်းကြ
ဝှေ့ရမ်းကြမှာ
ပညာတတ်ကြီး မင်းကိုပေါ့။
15 comments:
  1. ကဗျာလေးတွေ ဖတ်ရတာ နှစ်သက်ပါတယ် နုနုချိုချိုလေးတွေ ဖတ်ရသူကို အေးမြစေတယ် ဆုံဆည်းရတာ မင်္ဂလာပါ ကဗျာဦးရေ ကောင်းသောနေ့ပါ ::)
    ReplyDelete
  2. ကျွန်တော်လည်း လာလည်သွားတယ်နော် မကဗျာဦး ပျော်ရွှင်ပါစေ ကဗျာတွေလည်း အများကြီးရေးနိုင်ပါစေ။
    ReplyDelete
  3. ကောင်းလိုက်တဲ့ ကဗျာလေးပါနော်....အားပေးနေပါတယ်
    ........ နေတိုင်းနီးပါး ကဗျာလာဖတ်နိုင်အောင်ကြိုးစားပြီး
    တော်ကိုလာခဲ့ပါ့မယ်.......... :) Goodluck
    ReplyDelete
  4. ဘယ်ရက် ဘယ်လ ဘယ်ခါများမှ မင်းပြန်လာမည် တို့မသိတော့ ကဗျာဦးရေ
    မင်းကြိုက်တတ်တဲ့ ပိတောက်တွေတောင် ခဏခဏ ပွင့်နေပြီကွဲ့
    ReplyDelete
  5. ကဗျာဖွဲ့နွဲ့ပုံလေးတွေကို သိပ်သဘောကျမိပါတယ်....။
    ReplyDelete
  6. သူငယ်ချင်းရေ
    ယနေ့ ယခု
    သင့်”စာစု“လျှင်
    သင်ပြုစုသော ညောင်ညိုပင်။
    ထိုညောင်ညိုရိပ်
    ငါချွေးသိပ် ၍
    မှေးမှိတ်နားခိုသွားပါသည်။
    ReplyDelete
  7. ဒီကဗျာလေးကြိုက်တယ်ဗျာ..။
    ဖွဲ ထား တာလေး သဘောကျတယ်..။
    ကျွန်တော်လည်းကြိုးစားပါဦးမည်..။
    ReplyDelete
  8. ကဗျာလေး နှစ်ခြီုက်ပါတယ် -- ကဗျာကောင်းလေး တစ်ပုဒ်ပါ
    ReplyDelete
  9. ကဗျာလေးတွေက ဖွဲ့ထားတာလေးတွေ လှပ နုနယ်တယ်ဗျာ
    အားပေးပါတယ်။
    ReplyDelete
  10. ဟုတ်တယ်လေ
    ReplyDelete
  11. ပြည်တော်ပြန်ခရီးနီးပြီပေါ့လေ
    ပညာတွေတပုံကြီးနဲ့
    လှမ်းခဲ့ပါမြန်မာလွမ်းသူတို့
    နေမညိုခင်ပျိုးပင်စိုက်ရအောင်
    ဂုဏ်ဆောင်သူစိတ်ဖြူကြသူများရယ်
    မြန်းခဲ့ပါမနှေး။
    ReplyDelete
  12. This comment has been removed by the author.
    ReplyDelete
  13. ကဗျာဦးရေ
    ဘယ်နှစ် ဘယ်လ ဘယ်ရက် ကျလျှင်.
    ငါတို့ပြေမှာ...................
    ..............................
    ....................................
    ReplyDelete
  14. ညောင်ညိုပင်တော့မသိ
    ညောင် နှစ်ပင် မှာတော့ ဒုခရောက်ခဲ့ပြီ....။
    ဘယ်နေ့  ဘယ်ရက် ဘယ်နှစ်ကျလျှင်
    တို့ နိုင်ငံတွင်း လေယဉ်ဆင်းလို့ 
    ပေါင်းသင်းဆွေသဟာ
    ဆီးကြိုလာကြ
    ဖက်ကြ ရမ်းကြ ဝှေ့ ၇မ်းကြနှင့်
    အမတ်မင်းများ အချောင်သမားများ တွေ့ ကြပါလိမ့်မယ် ညီမလေးရေ
    ဗမာပြည်ကြီးကတော့..............................
    ReplyDelete
  15. တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်။ သို့သော် ဘယ်နေ့မှန်းမသိ။ အဲဒီလို ဖြစ်နေပြီ။ ရွှေပြည်တော် မျှော်တိုင်းဝေးနေသလိုလို။
    ReplyDelete