Sunday, April 26, 2009

မြေခွေး ၏ စပျစ်သီးချဉ်

အို မိန်းကလေး
ကံကြမ္မာကို
သင်သာပိုင်စိုး
ဘုန်းမိုးထန်စွ
မိန်းမလှ့ 

ဘာမှမဟုတ်
ခြေရှုပ် ကောက်ကျစ်
အနှစ်ဗလာ သစ္စာမဲ့သေး
မြေခွေးတေလေ ဝံပုလွေမျိုး
သစ်သီးပိုးလောက်
တီးတိုးနှောက်ယှက်
သင့်ဂုဏ်ဖျက်လည်း
သင်ဟာ စင်ပေါ်က ပါလေ။

Wednesday, April 22, 2009

သူငယ်ချင်း သို့

သူငယ်ချင်းရေ
ဘယ်နှစ် ဘယ်လ ဘယ်ရက်ကျလျှင်
တို့ပြေ
တို့မြေ
တို့တိုင်းဌာနေ
ပဒေသာပင် ပေါက်ကိန်းမြင်သည်
အသင်ညောင်ညိုစိုက်ပါကွဲ့

သူငယ်ချင်းရေ
ဘယ်နှစ် ဘယ်လ ဘယ်ရက်ကျလျှင်
တို့ပြေအတွင်း လေယာဉ်ဆင်းတော့
ပေါင်းသင်းဆွေသဟာ
ဆီးကြိုလာကြ
ဖက်ကြ နမ်းကြ
ဝှေ့ရမ်းကြမှာ
ပညာတတ်ကြီး မင်းကိုပေါ့။

Tuesday, April 14, 2009

ပါရမီဖြည့်ဘက်

မောင်ခေါ်ရာနောက်
မယ် လိုက်ခဲ့မယ်
ခရောင်းတောပဲ ဖြစ်ပါစေ---

ရေပြာပြာမှာ ဗေဒါတွေ့သလို
အမှိုက်တွေလည်းတွေ့မှာပဲ

လှိုင်းတွေခုန်ပွက်
သွက်တဲ့ခါလည်း သွက် မှာပေါ့

လိုက်ခဲ့မယ်ကွယ်
ဒီရေအဆင်း မိုးမလင်းခင်
ချစ်ခြင်းကဗျာ သီဖွဲ့ကာ ရယ်
သစ္စာ ပြု လျက်
ပါရမီဖြည့်ဘက် လုပ်လိုတယ်။

Sunday, April 12, 2009

ဘဝ

ဘဝဆိုတာ
မရေရာမို့
သွားလာပြောင်းရွှေ့
ခဏတွေ့ပြီး
လွမ်းဆွေးကြေကွဲ
မျက်ရည်ပွဲများ
ဆင်နွှဲသည်မှာ
ဓမ္မတာတည်း။ ။

နှင်း

နှင်းမှုံ တွေကြဲ
နှင်းပုလဲနှင့်
နှင်းသဲသည်ခါ
နှင်းဖြူစွာနှင့်
နှင်းလွှာတချို့
နှင်းဝေစို့လို့
နှင်းတို့ဖွယ်ဖွယ်--
နှင်းသွယ်သွယ်ဝယ်
နှင်းရယ် ငိုခဲ့ရပြီကွယ်။ ။