Thursday, May 28, 2009

ဖို နဲ့ မ

စိတ်ကူးသစ်တွေ
မိုးရေထဲမှာ နှင်းထဲမှာ
နွေနေပူမှာ အခါခါနှစ်
မချစ်တတ်ပဲ မုန်းလည်းမရ
ကိုယ့်ဒုက္ခ့ 

ဖိုနဲ့မသာ သည်လောကမှာ
ရှိတာ မဆန်းကြယ်ပါဘူး
ထူးပြီးစဉ်းစားနေရင်
ရူးခြင်းသာအဖတ်တင်မည်။ ။

7 comments:

  1. ဒုက္ခတော့အဖြစ်မခံနဲ့ ကလေးမ

    သီလရှင်ဝတ်မယ်ဆိုဝတ်.. ပစ္စည်းလေးပါး ဒါယိကာ လုပ်မယ်...။

    ReplyDelete
  2. ထူးပြီး စဉ်းစားကြည့်တာ
    ရူးချင်လည်း ရူးပါစေတော့

    မဆန်းကျယ်ပေမဲ့
    စမ်းရေလိုလည်းအေးတယ်၊
    ပန်းခရေလိုလည်းမွှေးတယ်
    အလွမ်းတွေနဲ့လည်း ဆွေးရပါတယ်


    လာရောက်အားပေးသွားပါတယ်၊ ခင်မင်စွာဖြင့်

    ReplyDelete
  3. ထူးပြီးစဉ်းစားနေရင်
    ရူးခြင်းသာ အဖတ်တင်မည်...
    ဟုတ်ပါ့ဗျာ... မစဉ်းစားတော့ဘူး..ဒီအတိုင်းပဲရှိစေတော့.

    ReplyDelete
  4. စိတ်ကူးသစ်တွေ
    မိုးရေထဲမှာ နှင်းထဲမှာ
    နွေနေပူမှာ အခါခါနှစ်
    မချစ်တတ်ပဲ မုန်းလည်းမရ
    ကိုယ့်ဒုက္ခ့ <--- တိုတိုလေးနဲ့ မိုက်တယ်.. :-)

    ReplyDelete
  5. ဟုတ်ပါ့နော် ထူးပြီးစဉ်းစားနေရင် ရှုခြင်းသာအဖတ်တင်တယ်တဲ့ဆိုတော့ မစဉ်းစားတော့ဘူးနော် ပျော်ပျော်လေးပဲနေတော့မယ်။

    ReplyDelete
  6. အရူးဖြစ်တာတော့ အဖတ်အတင်မခံချင်ဘူး ...
    ဒါကြောင့်ထူးပြီး မစဉ်းစားတော့ပဲ .. ခံစားပြီးသာ လှည့်ပြန်သွားပါတယ်ဗျာ

    ReplyDelete
  7. ဒါမှမဟုတ်ရင်လည်း ညီမလေးရယ်
    အရူးဖြစ်ချင်လည်းဖြစ်ပါစေတော့
    ထူးပြီးချစ်ကြည့်လိုက်ပေတော့..
    ချစ်မရလို့ မုန်းမရဘူးဆိုလည်း
    သူဒုက္ခ နဲ့သူပဲ ချစ်နေပါစေကွယ်..
    (ကိုယ့်ဒုက္ခမှမဟုတ်တာ..အဲ ကိုယ်ဒုက္ခလည်းဖြစ်နိုင်တာပဲနော်)
    တဦးနဲ့တဦးချစ်တယ်ဆိုတာ မင်္ဂလာတရားပါ

    ReplyDelete