Monday, March 1, 2010

အမုန်း

သက္ကရာဇ်တွေကို လှီးဖြတ်ပြီး
အများနည်းတူ လက်ခံသတ်မှတ်နေရတဲ့
နာရီလက်တံ တွေ ကို မုန်းတယ့့် 

တရားသူတွေက ထောင်ကျ
မတရားသူတွေက စံ နေရ တဲ့
လောကကြီးကိုမုန်းတယ့့် 

ကိုယ်ရည်သွေးတီးလုံးတွေနဲ့
အုပ်စုဖွဲ့ကျီးကန်းတွေကိုမုန်းတယ့့် 

နှစ်ပေါင်းတစ်ရာကျော် အကျဉ်းထပ်ချမဲ့
၂ဝ၁၀ ကို မုန်းတယ့့်  မုန်းတယ့့် 