Sunday, April 12, 2009

နှင်း

နှင်းမှုံ တွေကြဲ
နှင်းပုလဲနှင့်
နှင်းသဲသည်ခါ
နှင်းဖြူစွာနှင့်
နှင်းလွှာတချို့
နှင်းဝေစို့လို့
နှင်းတို့ဖွယ်ဖွယ်--
နှင်းသွယ်သွယ်ဝယ်
နှင်းရယ် ငိုခဲ့ရပြီကွယ်။ ။

6 comments:

  1. ကောင်းလိုက်တဲ့ ကဗျာလေးတွေဗျာ။
    သည်ထက်ပိုကောင်းရင်တောင် သည့်ထက်ပိုမကောင်းတော့ပါဘူး။
    သတိထားလိုက်မိတာကတော့ ကဗျာနှစ်ပုဒ်လုံးဟာ ငိုနေတာကိုပါပဲ။
    အဆင်ပြေရင် E-Journal က လွမ်း ဆိုတဲ့ ကဗျာလေးကို ခံစားကြည့်စေချင်ပါတယ်။

    ReplyDelete
  2. ဟား..........
    ကဗျာလေးတွေ ကောင်းလိုက်တာဗျာ...
    ကဗျာ နှစ်သက်သူခြင်း
    တူနေပြီဗျာ

    ReplyDelete
  3. ဒီကဗျာလေး မှတ်မိတယ်။

    ReplyDelete
  4. ကဗျာလေးက လှတယ်ဗျာ

    ReplyDelete
  5. မင်္ဂလာပါဗျာ ကို ကဗျာဦးရေ ... ကဗျာလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေနဲ့ ခံစားမှုကို ပေါ်လွင်စေပါတယ်။ အရေးအသားလေး လည်းလှပါတယ်။ ဒီ့ထက်ပိုပြီး အောင်မြင်မှု များစွာနဲ့ ဘလော့ဂင်းနိုင်ပါစေဗျာ ...

    ReplyDelete
  6. ဒီကဗျာလေးကြိုက်တယ်....
    နှင်း ကိုဖွဲ့ထားတာလေး..... :)

    ReplyDelete