စစ်ကျွန်စစ်သက်
ဆက်လက်ရှင်သန်
ရည်သန်ခဲ့ကြ
ရိုင်းပြလွန်းသူ
အုပ်စိုးသူကား
မတရားခြင်း
ကောက်ကျစ်ခြင်းဖြင့်
စစ်တလင်းပြင်
ပြင်ဆင်ထားမြဲ
ရွေးကောက်ပွဲကို ကျင်းပမည်။
အဖိနှိပ်ခံ
လူထုမှန်သမျှ
ဆန့်ကျင်ကြလော့
ဘဝစစ်ကျွန်
လွန်မြောက်ရေးတွက်
ဒို့ လက်များစွာ
ဖွင့်ပါခေတ်သစ်
စစ်အာဏာရှင်
မောင်းနှင်ထုတ်ရေး
လွတ်လပ်ရေးတွက်
လက်နက်ကောင်းမှာ
တိုက်ပွဲပါပဲ
တိုက်ပွဲမရှိ့ 
မရှိအောင်ပွဲ့ 
စွဲမြဲဆုပ်ကိုင်
တိုက်ကြလော့။ ။
ကဗျာဦး
စစ်အာဏာရှင်
ReplyDeleteမောင်းနှင်ထုတ်ရေး
လွတ်လပ်ရေးတွက်
လက်နက်ကောင်းမှာ
တိုက်ပွဲပါပဲ
တိုက်ပွဲမရှိ့ 
မရှိအောင်ပွဲ့ 
စွဲမြဲဆုပ်ကိုင်
တိုက်ကြလော့။ ။
သိပ်ကောင်းတဲ့ကဗျာတပုဒ်ပါပဲ...
ရိုင်းပြလွန်းသူ
ReplyDeleteအုပ်စိုးသူကား
မတရားခြင်း
ကောက်ကျစ်ခြင်းဖြင့်
စစ်တလင်းပြင်
ပြင်ဆင်ထားမြဲ
ကောင်းလိုက်တဲ့ စာသားတွေပါပဲ
ပြန်ရောက်လာပြီပေါ့လေ။
ReplyDeleteဘလော့ဂ်လောကက တစ်ခါထဲ ပျောက်ကွယ်သွားပြီထင်နေတာ။
ခုမှဘဲ သူ့ခံစားချက်တွေ ဖတ်ခွင့်ရတော့တယ်။
ထွက်မပြေးနဲ့တော့နော်။ ဆက်ရေးပါ။
ဖတ်ချင်တဲ့သူတွေ တန်းစီနေပြီ။
ပျော်ရွင်ကြည်နူးနိုင်ပါစေ။
စစ်တလင်းပြင်
ReplyDeleteပြင်ဆင်ထားမြဲ
ဒီကဗျာရဲ့ အထွဋ္ဋ်အထိပ် မောင်းနှင်အားပါပဲဗျာ
ကဗျာလေးလာဖတ်ပါတယ်
ReplyDeleteစစ်အာဏာရှင်စနစ်လုံးဝပျက်သုဉ်းပါစေ
အားမာန်ခွန်အားပေးနိုင်တဲ့ မကဗျာဦးရဲ့ ကဗျာကောင်းလေးတခုပဲဗျာ
ReplyDelete၂၀၁၀ ကို သူတို့ လုပ်ချင်သလိုလုပ် နေပြီ
ကျနော်တို့ လည်းလုပ်စရာရှိတာလုပ်ရတော့မယ်
ဟုတ်တယ် အမရေ တိုက်ပွဲမရှိရင် အောင်ပွဲလည်းရှိမှာ မဟုတ်ဖူး တိုက်ပွဲဝင်ကြဖို့ အချိန်တန်နေပြီ
Luck is What Happens When Preparation Meets Opportunity !
ထပ်လာပါတယ်
ReplyDeleteကဗျာလေးလာဖတ်သွားတယ်
ReplyDeleteကဗျာလေးက အရမ်းကောင်းတာပဲ...
ReplyDeleteအားပေးသွားပါတယ်... :)
ကဗျာလေးတွေကောင်းတယ်ဗျာ
ReplyDeleteမောင်သုံည
စစ်သားတွေ မကောင်းကြောင်း ပြောရမှာ
ReplyDeleteကောင်းတဲ့စစ်သားတွေကို အားနာလိုက်တာ.
တချို့အတွေးတွေ တူတယ်
ReplyDeleteအနှစ်သာရ ရှိလှတဲ့ ကဗျာကောင်းလေးကို ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ။ ဒီလို စပ်လို့တတ်ချင်လိုက်တာ။ အစ်မ ဆီကိုလာလည်တာ ကျေးဇူးတင်ပါတယ်။ အစ်မ အခုမှ ကျောင်းပိတ်လို့ အခုမှ ပြန်လည်ဖြစ်ပါတယ်။
ReplyDelete