Sunday, January 3, 2010

မောင်ရေခဲ နှင့် မရွှေဖဲ

ဟိုဘက်ကမ်းက မီးထိန်ထိန်
ထိုင်းလင်းတို့အိမ်
ဒီဘက်ကမ်းက မီးထိန်ထိန်
ပေါက်ဖော်တို့အိမ်။

အမှောင်ထဲမှာ ကျင့်သားရ
မောင်ရေခဲ က ပထမ။

ဘယ်သွားနေလဲမောင်ရေခဲ
ပြည်ပ ထွက်ပြီးအလုပ်ရှာဆဲ
ဘာလုပ်ဖို့လဲမောင်ရေခဲ
ကျွန်ခံဖို့ပဲဆိုပါစို့။

ဘယ်သွားနေလဲ မရွှေဖဲ
ပြည်ပ ထွက်ပြီးအလုပ်ရှာဆဲ
ဘာလုပ်ဖို့လဲမရွှေဖဲ
အိမ်ဖေါ်လုပ်ဖို့ဆိုပါစို့။

2 comments:

  1. ကဗျာလေးလာဖတ်သွားပါတယ် အိမ်ဖော်ဘ၀ထက်ဆိုးတဲ့ဘ၀တွေ အများကြိးပါ ကိုယ်လည်းစိတ်မကောင်းယုံအပြင် ဘာမှ မကူညီနိုင်ခဲ့ဘူး ၀ဋ်ကြွေးတွေ ရှိရင်ကျေကျပါစေ

    ReplyDelete
  2. ဟုတ်မကဗျာဦး
    ကျတော်သွားဖတ်လိုက်ပါတယ် သူလည်း ၈၈ တယောက်ပါဘဲ
    တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတဲ့သူတွေ ကိုယ့်အကျိုးစီးပွားအတွက်လုပ်နေတာကို သူရည်ရွယ်ပြီးပြောတာပါ
    သူပြောတာလည်း ၇၅ ရာခိုင်နုန်းလောက်မှန်နိုင်ပါတယ် ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ က ဓါတ်သိခြင်းဖြစ်နေလို့ ပါ အများအတွက်လို့ အော်ပြီး ကိုယ့်အတွက်လုပ်နေတဲံ့သူက ၉၀ ရာခိုင်နုန်းလောက်ဖြစ်နေပါတယ် ကိုယ့်အိပ်ထည်းကိုယ်ထည့်နေကြတယ် နေရာယူနေကြတယ် ရွှေးကောက်ပွဲပြီးရင် ပြန်ဝင်ပြီးနေရာယူမယ့်သူတွေ လည်းအများကြီးပါ
    ပြည်ပရောက် နိုင်ငံရေးသမားဆိုတဲ့သူတွေ ညံ့ဖျင်းတာပြောရရင် အများကြိးပေါ့လေ မပြောတော့ဘူးနော် စတိတ်မန့် ထုတ်ဘို့  ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးအော်ဘို့ လောက်နဲ့ နိုင်ငံရေးထင်နေကြပါတယ် ဦးဝင်းတင်ပြောတဲ့ ဖောက်ထွက်ဘို့ ဆိုတာမျိုးသူတို့ မစဥင်္းစားတတ်ပါဘူး နအဖ လုပ်တာကိုဘဲ ထောက်ခံပါသည် ကန့် ကွက်ပါသည် ရှုံ့ ချပါသည် ဆိုတာလောက်ဘဲလုပ်တတ်တဲ့သူတွေများနေလို့ ပါ အကုန်လုံးကို စော်ကားတဲ့သဘောမျိုးမဟုတ်ပါဘူး ကျွန်တော့် ဆရာတယောက်ပါဘဲသူလည်း

    ReplyDelete