Sunday, June 21, 2009

မဗေဒါ

၈၈၈၈ မှာ ကျောင်းသားတပ်မတော်ထဲ
ကိုကြီးက တောခို
မေမေက ငို
ကိုကြီးတိုက်ပွဲကျ
မေမေလည်းရင်ကွဲနာကျ

လောကအလယ်
မျက်နှာငယ်ရ
ကဗျာတို့မောင်နှမ
ပတ်ဝန်းကျင်က ပြောကြ ဆိုကြ
မိမဆုံးမ ဖမဆုံးမ
ဘဝနာရ ကြေကွဲရ
ကဗျာမျက်ရည်ကျ
စိတ်လည်းတိုရ။

20 comments:

  1. တကယ် ကြုံခဲ့ရတဲ့ ရင်နာစရာ အဖြစ်မှန်ထင်တယ်..... စိတ်မကောင်းဘူးဗျာ။ ကိုယ့်လူမျိုး လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

    ReplyDelete
  2. ညီမရေ...
    ကဗျာလေးဖတ်ရတာ စိတ်ထဲကို နင့်သွားတာဘဲ။ ညီမမှာလဲ ရင်နာစရာအတွေ့အကြုံတွေ ရှိခဲ့တာကိုး။ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။

    ဘာဘဲဖြစ်ဖြစ်ပေါ့ ညီမရယ်။ စိတ်ထဲမှာ အရမ်းတင်းမထားပါနဲ့။ စိတ်ပင်ပန်းလိမ့်မယ်။ စိတ်ပင်ပန်းရင် အရွယ်အိုတာ မြန်တယ်။ စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နု တဲ့။

    စိတ်ထဲမှာ အရမ်းတင်းကြပ်နေရင် ကဗျာလေးတွေကို ရှင်သန်ခွင့်ပေးလိုက်ပါ။ အားပေးနေမယ်။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  3. မဗေဒါရေ
    ဝိပသနာ တရားထိုင်ကြည့်ပါလား
    ချစ်ခင်လျက်

    ReplyDelete
  4. ကိုယ်ချင်းစာ ခံစားမိပါတယ်ခင်ဗျာ။
    အစ်ကိုကြီး သူရဲကောင်း ကောင်းရာမှာသေချာဂုဏ်ယူနေမှာ..
    သူ့ပေးဆပ်မှုက အကြီးဆုံး အမ္ဂန်မြတ်ဆုံး...ဘယ်သူတ္ဂေက လာလို့ဘာပြောပြော..သူ့ကို လေးစားဂုဏ်ပြုနေသူတ္ဂေက
    အလုံးအရင်းပဲလို့ ပြောပြလိုက်စမ်း ငါ့ညီမ..မိုးထက်ကို အသံတ္ဂေလ္ဂင့်နေအောင်ပြောပြလိုက်ပါ....ဂုဏ်ယူတယ်ဟေ့..လို့...
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  5. ကဗျာကောင်းလေးပဲ နော်၊ ဒါပေမဲ့ စိတ်မကောင်းဘူး၊ ပျော်ရွှင်ပါစေ။

    ReplyDelete
  6. ရင်နာနာနဲ့ ဖတ်ခဲ့ရတယ် ...
    ငြိမ်းချမ်း အေးမြနိုင်ပါစေ ...
    နေဒေးသစ်။

    ReplyDelete
  7. မဗေဒါကဗျာလေးဖတ်ပြီး ရင့်နင့်အောင်ခံစားသွားပါတယ်
    မကဗျာဦးစိတ်ချမ်းသာနေပါ

    ReplyDelete
  8. ရောက် တယ် ဖတ်တယ် ခံစားတယ်

    ငြိမ်းချမ်း ပါစေဗျာ

    ReplyDelete
  9. နောက်ထပ်အဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးခဲ့ပါတယ်....။

    ReplyDelete
  10. ဘယ်နေရာ... ရောက်ရောက် ...ဘယ်လိုဖြစ်ဖြစ် အားတင်းထား ပါ ကဗျာ
    AzaAza fighting!

    ReplyDelete
  11. မြောက်ကိုးရီးယား နှင့်ပေါင်ပြီး ဆင်ကြံကြံနေပြီ videoနှင့် စာသားများဖတ်ရှုနိုင် >> www.phyowai-mmp.blogspot.com မဗေဒါရေ ခြေအနေက အပြောင်းအလဲတစ်ခု ဖြစ်လာတော့မှာပါဗျာ အားမလျှော့ဘဲ ကိုတက်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီလုပ်ဆောင်ကြတာပေါ့

    ReplyDelete
  12. ဒီလိုပဲပေါ့ ညီမလေးရယ်...လောကဓံဆိုတာ..ကိုယ်က ပျော့နေရင် သူကမာတယ်...ကိုယ်မာတဲ့ အလှည့် ကိုတော့ ရောက်ဦးမှာပါ။စိတ်ဓါတ်မကျနဲ့ ...အားမွေးထား။
    ခင်မင်မှုဖြင့်
    အားလုံးကိုပျော်စေချင်သူ

    ReplyDelete
  13. အားလုံးဖတ်စေချင်လို့ လက်ဆင့်ကမ်းပြီး တင်ခွင့်ပြုပါ။

    ReplyDelete
  14. ကဗျာလာခံစားသွားကြောင်းပါရှင်။
    ဘ၀ဆိုတာတိုက်ပွဲလိုပဲနော်။
    အစ်မဘ၀လည်းဖခင်မေတ္တာငတ်ဘ၀ပါကွယ်။
    အမိပဲဆုံးမခြင်းကိုခံခဲ့သူပါ။
    အဖကတော့မမြင်ဘူးခဲ့ပါ။
    ခင်တဲ့
    ဂျာမုန်း

    ReplyDelete
  15. ကဗျာလေးဖတ်ပြီးကြေကွဲရပါတယ်

    ReplyDelete
  16. ညီမလေးရေ.
    အကိုကြီးကျဆုံးသွားပေမဲ့ အကိုကြီးရဲ့ ရဲဘော်တွေ အကိုတွေ မောင်တွေ အများကြီးပါ ညီမလေးမေမေရဲ့ သားတွေအများကြီးပါလို့ သဘောထား
    ပေးပါ။

    ReplyDelete
  17. ကောင်းလိုက်တဲ့ ကဗျာလေးနော်...
    ရင်ထဲ တန်းရောက်သွားတယ်...
    အားပေးလျှက်...

    ReplyDelete
  18. ကျတော်ဖတ်သွားပါတယ် ကျတော်တို့ ပေးဆပ်မှုတွေ အရမ်းများခဲ့တယ် မကဗျာဦး အကိုလို အညတ သူရဲကောင်းတွေ အတွက် ဂုဏ်ယူလိုက်ပါ သူများမလုပ်နိုင်တဲ့ အလုပ်တွေကို အသက်နဲ့ ရင်းပြီး လုပ်ခဲ့တာပါ စိတ်တော့ မကောင်းခဲ့ပါဘူး ရင်ထည်းက စကားပါ

    ReplyDelete
  19. မဗေဒါ ...

    တစ်ယောက်တည်း မဟုတ်ဘူး။

    ReplyDelete