Sunday, October 18, 2009

တိုက်ပွဲသည်သာ

စစ်ကျွန်စစ်သက်
ဆက်လက်ရှင်သန်
ရည်သန်ခဲ့ကြ
ရိုင်းပြလွန်းသူ
အုပ်စိုးသူကား
မတရားခြင်း
ကောက်ကျစ်ခြင်းဖြင့်
စစ်တလင်းပြင်
ပြင်ဆင်ထားမြဲ
ရွေးကောက်ပွဲကို ကျင်းပမည်။

အဖိနှိပ်ခံ
လူထုမှန်သမျှ
ဆန့်ကျင်ကြလော့
ဘဝစစ်ကျွန်
လွန်မြောက်ရေးတွက်
ဒို့ လက်များစွာ
ဖွင့်ပါခေတ်သစ်
စစ်အာဏာရှင်
မောင်းနှင်ထုတ်ရေး
လွတ်လပ်ရေးတွက်
လက်နက်ကောင်းမှာ
တိုက်ပွဲပါပဲ
တိုက်ပွဲမရှိ့ 
မရှိအောင်ပွဲ့ 
စွဲမြဲဆုပ်ကိုင်
တိုက်ကြလော့။ ။
ကဗျာဦး

13 comments:

  1. စစ်အာဏာရှင်
    မောင်းနှင်ထုတ်ရေး
    လွတ်လပ်ရေးတွက်
    လက်နက်ကောင်းမှာ
    တိုက်ပွဲပါပဲ
    တိုက်ပွဲမရှိ့ 
    မရှိအောင်ပွဲ့ 
    စွဲမြဲဆုပ်ကိုင်
    တိုက်ကြလော့။ ။
    သိပ်ကောင်းတဲ့ကဗျာတပုဒ်ပါပဲ...

    ReplyDelete
  2. ရိုင်းပြလွန်းသူ
    အုပ်စိုးသူကား
    မတရားခြင်း
    ကောက်ကျစ်ခြင်းဖြင့်
    စစ်တလင်းပြင်
    ပြင်ဆင်ထားမြဲ

    ကောင်းလိုက်တဲ့ စာသားတွေပါပဲ

    ReplyDelete
  3. ပြန်ရောက်လာပြီပေါ့လေ။
    ဘလော့ဂ်လောကက တစ်ခါထဲ ပျောက်ကွယ်သွားပြီထင်နေတာ။
    ခုမှဘဲ သူ့ခံစားချက်တွေ ဖတ်ခွင့်ရတော့တယ်။
    ထွက်မပြေးနဲ့တော့နော်။ ဆက်ရေးပါ။
    ဖတ်ချင်တဲ့သူတွေ တန်းစီနေပြီ။

    ပျော်ရွင်ကြည်နူးနိုင်ပါစေ။

    ReplyDelete
  4. စစ်တလင်းပြင်
    ပြင်ဆင်ထားမြဲ

    ဒီကဗျာရဲ့ အထွဋ္ဋ်အထိပ် မောင်းနှင်အားပါပဲဗျာ

    ReplyDelete
  5. ကဗျာလေးလာဖတ်ပါတယ်
    စစ်အာဏာရှင်စနစ်လုံးဝပျက်သုဉ်းပါစေ

    ReplyDelete
  6. အားမာန်ခွန်အားပေးနိုင်တဲ့ မကဗျာဦးရဲ့ ကဗျာကောင်းလေးတခုပဲဗျာ

    ၂၀၁၀ ကို သူတို့ လုပ်ချင်သလိုလုပ် နေပြီ
    ကျနော်တို့ လည်းလုပ်စရာရှိတာလုပ်ရတော့မယ်
    ဟုတ်တယ် အမရေ တိုက်ပွဲမရှိရင် အောင်ပွဲလည်းရှိမှာ မဟုတ်ဖူး တိုက်ပွဲဝင်ကြဖို့ အချိန်တန်နေပြီ

    Luck is What Happens When Preparation Meets Opportunity !

    ReplyDelete
  7. ကဗျာလေးလာဖတ်သွားတယ်

    ReplyDelete
  8. ကဗျာလေးက အရမ်းကောင်းတာပဲ...
    အားပေးသွားပါတယ်... :)

    ReplyDelete
  9. ကဗျာလေးတွေကောင်းတယ်ဗျာ
    မောင်သုံည

    ReplyDelete
  10. စစ်သားတွေ မကောင်းကြောင်း ပြောရမှာ
    ကောင်းတဲ့စစ်သားတွေကို အားနာလိုက်တာ.

    ReplyDelete
  11. တချို့အတွေးတွေ တူတယ်

    ReplyDelete
  12. အနှစ်သာရ ရှိလှတဲ့ ကဗျာကောင်းလေးကို ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ။ ဒီလို စပ်လို့တတ်ချင်လိုက်တာ။ အစ်မ ဆီကိုလာလည်တာ ကျေးဇူးတင်ပါတယ်။ အစ်မ အခုမှ ကျောင်းပိတ်လို့ အခုမှ ပြန်လည်ဖြစ်ပါတယ်။

    ReplyDelete