Thursday, June 11, 2009

ကျိန်စာ

တက်ကြွနေလိုက်တာ
စိန်နားကပ် တဖြတ်ဖြတ်
လေပင့်တိုင်း လှုပ်ခတ်
သန်း၅၀ ကျော်က ကျိန်ဆဲကြ

မာနတက်နေပုံများ
ဘာကိုမှ ထီမထင်
ဘုရင်တပါးအသွင်

ပြည်သူတွေက အပူတွေ အန်ချ
ဒေါသမီးတွေ ထောင်းထောင်းထ

14 comments:

  1. ဘ၀တွေကို ထောင်ပြီးမှန်ရှေ့ ချကြည့်သလိုမျိုး ပဲ
    တကယ်မြင်အောင်ရေးတတ်တယ်။

    ငြိမ်းချမ်းပါစေ မကဗျာ

    ReplyDelete
  2. စာတွေ ပြန်ရေးပြီလား .. ဘလော့မှာ လင့်ချိတ်ထားပြီး ပို့စ်က Update မဖြစ်ဘူး ဖြစ်နေတယ် ... အခုတောင် တမင်သက်သက် မတွေ့တာကြာလို့ ရောက်လာတာ ... ကဗျာကောင်းလေးတွေ ခံစားချင်လို့ အခုတော့ အခွင့်ကြုံတာနဲ့ တစ်ခါတည်း စားသုံးသွားလိုက်တယ် ... သဘောကျတယ်ဗျာ ... များများဖန်တီးနိုင်ပါစေ..

    ReplyDelete
  3. ဟုတ်တယ်။ ကိုနေဒေးသစ်ပြောသလိုပါဘဲ။ ဘလော့ဂ်မှာ ညီမရဲ့ ပို့စ်က ပေါ်မလာဘူး။ အမှန်ဆို နောက်ဆုံးတင်တဲ့ ပို့စ်က ထိပ်ဆုံးဖြစ်နေရမှာ။ အခုဟာ တစ်လကျော်က ပို့စ်ဘဲပေါ်နေတယ်။

    အလည်လာရင်းနဲ့ အသစ်တွေ့လို့ ဖတ်သွားပါတယ်။

    ညီမရဲ့ ကျိန်စာကြီးက ထိတယ်နော်။

    ReplyDelete
  4. ကျွန်စာသင့်မသင့် စောင့်ကြည့်ကြပါစို့

    ReplyDelete
  5. သန်း .......ကျော်က ကျိန်... တိုက်
    လို့ ကျွန်တော့စိတ်ကူးထဲမှာ ပြင်ဖတ်ချင်လို့ ခွင့်ပြုပါနော်အမ
    ခင်မင်စွာဖြင့်

    ReplyDelete
  6. ပြည်သူတွေက အပူတွေ အန်ချ
    ဒေါသမီးတွေ ထောင်းထောင်းထ

    မာန်ပါလိုက်တဲ့ စာသား ကောင်းတယ်ကွာ

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  7. ကဗျာကောင်းလေးပါ...။ အားပေးလျှက်ပါ....။

    ReplyDelete
  8. ရသစုံတဲ့ကဗျာလေးပဲရှင်
    အမြဲအားပေးနေမယ်

    ခင်မင်စွာဖြင့်
    မမဂျာမုန်းဒန်

    ReplyDelete
  9. ကဗျာက ကောင်းလိုက်တာဗျာ..တိုတိုလေးနဲ့ ထိတယ်...

    ReplyDelete
  10. ကဗျာကောင်းလေးပဲ တိုတိုလေးနဲ့ ထိတယ်
    ရေးတတ်တယ်ဗျာ

    ReplyDelete
  11. ညီမလေး ကဗျာလေးကောင်းတယ် ..တိုသလောက် အများကြီး တွေးလို့ ရပါတယ်။ အဲဒီလိုလေးတွေ များများရေးနိုင်ပါစေဗျာ။
    ခင်တဲ့
    အားလုံးကိုပျော်စေချင်သူ

    ReplyDelete
  12. ရေးတတ်တော့ လည်း ကောင်း လွန်းတယ် လေ

    ReplyDelete
  13. ကျိန်စာကို အကြိမ်ကြိမ်လာဖတ်ပါတယ်။

    ပျော်ရွင်ပါစေ ညီမ။

    ReplyDelete
  14. ဟုတ်ပါ့ဗျာ မှန်လိုက်တဲ့ ကျိန်စာ

    ReplyDelete