သက္ကရာဇ်တွေကို လှီးဖြတ်ပြီး
အများနည်းတူ လက်ခံသတ်မှတ်နေရတဲ့
နာရီလက်တံ တွေ ကို မုန်းတယ့့် 
တရားသူတွေက ထောင်ကျ
မတရားသူတွေက စံ နေရ တဲ့
လောကကြီးကိုမုန်းတယ့့် 
ကိုယ်ရည်သွေးတီးလုံးတွေနဲ့
အုပ်စုဖွဲ့ကျီးကန်းတွေကိုမုန်းတယ့့် 
နှစ်ပေါင်းတစ်ရာကျော် အကျဉ်းထပ်ချမဲ့
၂ဝ၁၀ ကို မုန်းတယ့့်  မုန်းတယ့့် 
ကိုယ်ရည်သွေး တီးလုံးတွေနဲ့ 
ReplyDeleteအုပ်စုဖွဲ့ ကျီးကန်းတွေ
နေရာ တကာမှာရှိနေဆဲပါ
နောင်လည်း ရှိနေမှာပါ
ပျော်ရွှင်ပါစေ ညီမလေး
အေးလေ...ဟုတ်ပ
ReplyDeleteမုန်းစရာကောင်းတဲ့ အနာဂတ်လို့ ပြောရမလိုဖြစ်နေပြီ...
ဟုတ်ပအမရာ
ReplyDeleteအဲ့နိုင်ငံမှာ လူသွားဖြစ်လို့ ကိုယ့်ကုသိုလ်တောင်တောင် ကိုယ် မုန်းတရ်၊၊
:(
ဒီလိုပါပဲ မုန်းစရာတွေက အများကြီးပဲး)
ReplyDeleteမုန်းတယ်
၂၀၀၈ မူကြမ်းအသက်မဝင်ရေး အားလုံးကာကွယ်တားဆီးပေး
အမုန်းတွေ ပြေပျောက်စေချင်ပါတယ်ဗျာ
ReplyDeleteခံစားချက်ကိုရင်ဖွင့်တာကောင်းပါတယ်
ကဗျာလေး လာခံစားသွားပါတယ်... :)
ReplyDeleteအမုန်းတွေ အရမ်းမသိမ်းထားပါနဲ့ဦးနော်...
ကျန်းမာရေး ထိခိုက်တတ်တယ်... :P
အဆင်ပြေပျော်ရွှင်ပါစေ...:)
သက္ကရာဇ်တွေကို ဖြတ်ဖေါက်ချုပ်
ReplyDelete++ တယောက်ရဲ့ ”ဆာဂျီကယ်လ်“လို
ကိုယ်လိုတာဘဲကိုယ်သိတဲ့ အတ္တရူးတွေရဲ့ နာရီလက်တံ
ကွေးကောက် နှေးထောက် နောက်တော့လဲ ပျက်ပျောက်သွားမှာပါ။
သစ်ငုတ်မြင့်တုံ ဗုံလုံတလှည့် အစုန် အဆန်
ကံ-ကံ၏အကျိုး အတိတ်လက်ကျန် ခံစေ စံစေတယ်လို့ သိ-မှတ်ရင်
ဝိဘဂ်နဲ့ ကြမ္မာ သိရဲ့နဲ့ မသထာတာပြေလျော့ အနေပေါ့စေမယ်။
ကွေးနေ ကောက်နေမှတော့ ဖြောင့်ဖြောင့်အရှည် မတည်ဘူး
ကိုယ်ရည်သွေးရင်း သွေးနထင်ရောက်
ဆင်သေနောက်လိုက် ကျီးမိုက်တအုပ်အတွက် ရေစက်ခွက်တောင်မလို။
ညာစား ရှာစား ငါမှတပါးတွေကိုပယ်
တရေတမြ အတူနေခြင်း ညီနောင်ရင်းတွေ
စိတ်ခြင်းသွယ်ဆက် တွဲလက်ညီကြ
အ-အခါသမယ ၂၀၁၀(နထောင့်တဆယ်) ငါတို့ ကျော်ဖြတ်ကြမယ်။
ဟုတ်ပါ့ဗျာ ကဗျာလေးက ကွက်ကွက် ကွင်းကွင်းပဲ
ReplyDeleteRemember mama.............Mglay
ReplyDelete