Sunday, January 3, 2010

မောင်ရေခဲ နှင့် မရွှေဖဲ

ဟိုဘက်ကမ်းက မီးထိန်ထိန်
ထိုင်းလင်းတို့အိမ်
ဒီဘက်ကမ်းက မီးထိန်ထိန်
ပေါက်ဖော်တို့အိမ်။

အမှောင်ထဲမှာ ကျင့်သားရ
မောင်ရေခဲ က ပထမ။

ဘယ်သွားနေလဲမောင်ရေခဲ
ပြည်ပ ထွက်ပြီးအလုပ်ရှာဆဲ
ဘာလုပ်ဖို့လဲမောင်ရေခဲ
ကျွန်ခံဖို့ပဲဆိုပါစို့။

ဘယ်သွားနေလဲ မရွှေဖဲ
ပြည်ပ ထွက်ပြီးအလုပ်ရှာဆဲ
ဘာလုပ်ဖို့လဲမရွှေဖဲ
အိမ်ဖေါ်လုပ်ဖို့ဆိုပါစို့။